သံလွင်ခက်
ဇွန် ၁ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အနီးကပ်တိုက်ပွဲတွင်း၌ ဒဏ်ရာရရှိခဲ့သည့် မင်းတပ် CDF ရဲဘော်အား အချိန်မီဆေးကုသရန် အကူအညီလိုအပ်နေသည်ဟု CDF- Mindat စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က သံလွင်ခက်ကိုပြောသည်။
” အနီးကပ်တိုက်ပွဲ ကျည်ကပ်ပြန်ဖြည့်နေတုန်းဘေးတစောင်းအနေအထားနဲ့ထိတာ ။ ကျည်က နားထင်အောက်ကနေ မျက်လုံးတစ်ဖက်ကိုဖောက်ပြီး နောက်တစ်ဖက်ရဲ့အောက်ကနေပြန်ထွက်လာတာ မျက်လုံးတစ်လုံးက တိုက်ပွဲတွင်းပြုတ်ကျခဲ့ပေမယ့် နောက်တစ်ဖက်ကိုပြန်ရလိမ့်နိုးနိုးနဲ့ အမြန်ဆုံး ကုသပေးချင်တာ “ဟု ၎င်းက ပြောသည်။
မင်းတပ်မှဆင်းလာခဲ့သည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မင်းတပ် CDF၊ ကန်ပက်လက်CDF ၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ စသည့်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ် –ကျောက်ထုတောလမ်းတစ်နေရာတွင်ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၉ရက်၊ နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးကျဆုံးကာ မင်းတပ်CDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
” ရဲဘော်က စိတ်မာတယ် ။အေးဆေးစကားပြောနိုင်နေသေးတယ် ။ တိုက်ပွဲတွင်းမှာ ကျည်အရှိန်နဲ့သတိလစ်သွားလို့သေပြီထင်ပြီးခနပစ်ထားကြပေမယ့် ခနနေပြန်သတိရလာတယ် ။ အခုက ကုသစရိတ်နဲ့လမ်းစရိတ်တအားကုန်မယ့်သဘောတော့ရှိတယ် ” ဟု CDF- Mindat စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် က သံလွင်ခက်ကိုပြောသည်။
ဒဏ်ရာရ CDF ရဲဘော်အတွက် စစ်ဒေသမှူးက လူမှုကွန်ရက်စာမျက်နှာမှ အကူအညီတောင်းခံခဲ့ရာ အနည်းငယ်သာရရှိပြီး အကူအညီများစွာလိုအပ်နေသေးသည်ဟု သိရသည်။
” မနေ့က လူနာလမ်းစရိတ်အလှူခံတာ ဖုန်းဘေ ၈သောင်းနဲ့ ငွေ၃သောင်းရတယ် ။
ဗဟိုဘဏ္ဍာရေးကတော့ကြံဖန်ပြီးလုပ်ပေးပါတယ်။ ဒါပေမယ့်မလောက်ငှမှန်းသူတို့လည်းသိတယ် “ဟု ၎င်းကယနေ့တွင် လူမှုစာကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ဒဏ်ရာရရဲဘော်အတွက် အကူအညီလိုအပ်နေသည့် မင်းတပ် CDF သည် လက်ရှိကာလအတွင်း၌ တိုက်ပွဲများဆက်တိုက်ဖော်ဆောင်နေပြီး စစ်ဆင်ရေးများအရှိန်မြှင်တင်နိုင်ရန်အတွက်လည်း ကျပ်သိန်း ၅၀၀၀ တန်းဖိုးရှိ “အားယူထပျံ အောက်ချင်းအားမာန် ” ကမ်ပိန်းတစ်ခုကို ပြုလုပ်ထားသည်။
ပြီးခဲ့သည့် မေလ ၁၉ရက်မှ ယခုဇွန်လ ၁၉ရက်ထိ သက်မှတ်ထားသည့် အဆိုပါကမ်းပိန်သည် ယမန်နေ့ မေလ၃၁ရက်ထိ သက်မှတ်ထားသည့် ရည်မှန်းချက် ကျပ်သိန်း ၅၀၀၀ ၏ ၁၀ ရာခိုင်နှုန်း ကျပ်သိန်း ၅၀၀ ခန့်သာရရှိသေးအတွက် ပါဝင်အားဖြည့်ပေးကြရန်လည်း
မင်းတပ် CDF က အကူအညီတောင်းခံထားသည်။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1284
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4807
Website ->https://eng.thanlwinkhet.net