ကောင်းချစ်အောင်
ဩဂုတ် ၁၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်၊ နေအိမ်တစ်လုံးတွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့်အမျိုးသားခုနစ်ဦးကို ဖမ်းမိထားသည်ဟုGUARDIAN FORCE အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။
ယနေ့နံနက်ပိုင်းတွင် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်ပြောကြားသည့် ဗီဒီယိုဖိုင်တင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်သူများက ဝန်ခံထားသည်ကိုလည်း တွေ့ရသည်။
ယမန်နေ့ ညနေ ၃ နာရီခန့်တွင် မုံရွာမြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုတွင် ဓားပြအဖွဲ့က အမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အဆိုပါအမျိုးသမီးမှာ မွေးဖွားရန်ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သူ့ယောင်္ကျားဈေးသွားဝယ်တဲ့အချိန်မှာဖြစ်သွားတာ“ဟု ၎င်းကဆိုသည်။ ဓားပြအဖွဲ့သည် နေအိမ်အတွင်းရှိအခြားအမျိုးသမီးတစ်ဦးကိုလည်း ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
နေအိမ်အတွင်းမှ ဖုန်း ၂ လုံးနှင့် Click ဆိုင်ကယ် တစ်စီးပိုလည်း အဆိုပါဓားပြအဖွဲ့က လုယက်ယူဆောင်သွားသည်ဟု သိရသည်။
ဓားပြအဖွဲ့အား ဖမ်းဆီးရရှိနိုင်ခဲ့မှု၊ နောက်ဆက်တွဲဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍GUARDIAN FORCE အဖွဲ့ခေါင်းဆောင်ထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားရာ လတ်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1751
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.com/?p=5225
Website ->https://eng.thanlwinkhet.net