ဖားဆောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံး
**************************
သံလွင်ခက်
အောက်တိုဘာ ၉ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖားဆောင်း PDF က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အခုလအောက်တိုဘာ ၄ ရက်မှာ ခုံးဟန့်ရွာဘက် စစ်ကြောင်းထိုးလာတာဖြစ်ပြီးအလယ်ပိုင်းတိုင်း၊ ကယားစစ်ဒေသက PDFs နှင့် ERO တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဟာ အချိန် (၁)နာရီနီးပါးကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကအရာရှိ ၁ ဦးနဲ့ အခြားအဆင့် ၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ MA -1တစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဖားဆောင်း PDF က ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ အလယ်ပိုင်းတိုင်း ၊ ကယားစစ်ဒေသ(ကရင်နီ) ဘောလခဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် – အမှတ်–၁၁၀၅၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် –အမှတ်–၁၁၀၈၊တပ်ရင်းတွေအပြင် DMO Local PDF တပ်ရင်း၂၊ KA ပြောက်ကျားတပ်ဖွဲ့၊ ကလလတ (၄၈၇၈/ ၇၈၉၄/ ၉၄၂၀) တပ်ရင်းတို့ပါဝင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကလလတ တပ်ရင်း ၇၈၉၄က ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်–၁၁၀၈ တပ်ရင်းဟာ သံလွင်အရှေ့ကမ်းစစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်နေပြီး အင်တာနက်လိုင်းအခက်အခဲကြောင့် သတင်းထုတ်ပြန်မှုများနှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်လို့ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်– ၁၁၀၈ က တိုက်ပွဲသတင်းနဲ့အတူ အသိပေး ထုတ်ပြန်ထားပါတယ်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2120
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5820