ကျောက်ကြီးဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
*******
သံလွင်ခက်။
ဇွန် ၂၂ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု KNU က ယနေ့၌ ထုတ်ပြန်သည်။
ဇွန်လ ၂၀ ရက် ညနေပိုင်းတွင် ပဲနွယ်ကုန်မြို့၊ ရွှေဝါကျးရွာအခြေစိုက် စစ်ကောင်စီတပ် (ခမရ-၃၀၇) တပ်ရင်းက (၁၂၀) မမ လက်နက်ကြီး (၁) လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ပေါက်ကုန်းကျေးရွာအနောက်ပိုင်းရွာထိပ်တွင် ကျရောက်ပေါက်ကွဲပြီး ပေါက်ကုန်းကျေးရွာနေ နော်လားပွယ်စေး အသက် (၂၃)နှစ် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့အပြင် ဇွန်လ ၁၈ရက် နံနက် (၇) နာရီနှင့် ညနေ (၅း၁၃) မိနစ်အချိန်တွင် ပိန်းဇလုတ် အခြေစိုက် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅ မမ (၇) လုံး နှင့် ၁၂၂ မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၄)လုံး စုစုပေါင်း (၁၁) လုံး ပစ် ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် လက်ကောက်ဝကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ဒလဆိပ့်ကျေးရွာ၊ ချိုအင်းကျေး ရွာအနီး နှင့် ရေတွင်းကုန်း ကျေးရွာတို့ အတွင်းကျရောက်ကွဲပြီး နေအိမ် စုစုပေါင်း (၃)လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – မေလ ၃၁ ရက်တွင် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် တောင်ခင်ရွာဒေသခံနေအိမ်။ (ပုံ- အဟောင်း – KNU
****
Telegram – > https://t.me/ThanLwinKhetNews/4848
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9270