ရန်ကုန်ရှိ ဈေးဝယ်ကုန်တိုက်တချို့တွင် ဆန်ဝယ်ယူ၍မရ
********
သံလွင်ခက်။
ဇွန် ၂၅ ၊ ၂၀၂၄။
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာနှင့် စီးတီးမတ်တချို့တွင် ယခုရက်ပိုင်းအတွင် ဆန်များဝယ်ယူ၍ မရရှိတော့ဟုဒေသခံ များထံကသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့မှ ဈေးဝယ်စင်တာနှင့် စီးတီးမတ်တချို့တွင် အရောင်းမန်နေဂျာတစ်ချို့ကို ခေါ်ယူစစ်ဆေးပြီး ဆန်တွေမရောင်းချဖို့ တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းကုန်တိုက်နှင့်နီးစပ်သူတစ်ချို့ထံကသိရသည်။
“ကျန်တာတွေကအကုန်ရှိတယ် ဆီတွေကအစ၊ ဆန်တွေပဲမရှိတာ၊ စီးတီးမတ်မှာမရှိလို့တခြားကုန်တိုက်တွေသွားတော့လည်းမရှိဘူး” ဟု လှိုင်မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၁ ရက်ကစပြီး ပြည်တွင်းဆန်ဈေးမြင့်တက်နေခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်ကုန်သည်တချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဈေးဝယ်ကုန်တိုက်များတွင် ယခုလို ဆန်များ ဝယ်ယူမရခြင်းများဖြစ်ခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ – ၁၄၅၀၀၀ကျပ်၊ ဧရာဝ တီပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ – ၁၂၀၀၀၀ ကျပ် နှင့် ဧည့်မထတစ်အိတ်လျှင် ၇၂၀၀၀ – ၇၅၀၀၀ ကျပ်ဖြင့် စား သုံးသူပြည်သူများ အတွက် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ ရောင်းချပေးမည်ဟု ထုတ်ပြန်ထားသည်။
ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူရာ၌ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ် ၁ အိတ်နှင့် ဧည့်မထအမျိုးအစားဆန်အိတ် ၁ အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏မှတ်ပုံတင် (မူရင်း) တို့ဖြင့် လာရောက်ဝယ်ယူနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ – ဈေးဝယ်စင်တစ်ခုတွင် ဖယ်ရှားခံထားရသည့် ဆန်အရောင်းတန်း။ ဓာတ်ပုံ – သံလွင်ခက်။
****
Telegram – > https://t.me/ThanLwinKhetNews/4862
YouTube -> https://youtu.be/cX4S5k5y5QI
Website -> https://thanlwinkhet.com/?p=9290