၃ နှစ်တာ တော်လှန်ရေးခရီးလမ်းက ကရင်နီရဲဘော်များ
**********
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သလို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ဖို့ ကြိုးစားတဲ့အထဲမှာ ကရင်နီဒေသဟာ နိုင်ငံရဲ့ ထင်ရှားတဲ့ ပြယုဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
တစ်ပြည်နယ်လုံးနီးပါး စစ်ဘေးသင့်ခဲ့ရသလို လူငယ်အများစုဟာလည်း ဒေသတွင်း ခုခံစစ်ကစလို့ စခန်းသိမ်း၊ မြို့သိမ်းအထိ အသက်စွန့်တိုက်ပွဲဝင်နေကြဆဲပါ။
ဒေသတွင်းက ပကတိအခြေအနေနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေကို ဒေသခံ လူငယ်ဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မောက်ခမ်းဝါ ကိုယ်တိုင်ရိုက်ကူးပြီး တင်ဆက်ထားပါတယ်။
(ဓါတ်ပုံတစ်ပုံချင်းဆီတိုင်းကိုနှိပ်ပြီး ကရင်နီဒေသရဲ့ တော်လှန်ရေးရက်စွဲတွေအကြောင်းကို ဖတ်ရှုနိုင်ပါတယ်)
Photo – Mauk Kham Wah
ဖရူဆိုမြို့အနီးတိုက်ပွဲတစ်ခုမှာ မိုးထဲရေထဲ လက်နက်ကြီးပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်သားတွေပါ။
ဆယ်စုနှစ်တစ်ခုစာ အနည်းဆုံးကြာမြင့်ပြီး ဟောင်းနွမ်းနေတဲ့ စစ်လက်နက်တွေကို သုံးလို့ မတော်တဆဖြစ်ပြီး ရဲဘော်တွေ ကျဆုံးခဲ့ရပါတယ်။ ဒါပေမယ်လည်း အသစ်တွေက ဈေးကြီးသလို သူတို့အတွက်တော့ ရံပုံငွေကခက်ခဲတာကြောင့် ဒီလက်နက်တွေကိုပဲ သုံးစွဲတိုက်ပွဲဝင်နေကြရတာပါ။
September 2022_Mauk Kham Wah