မေသံလွင်။
ဇွန် ၉ ၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ သိမ်းတန်းရပ်ကွက်ရှိ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဇွန်လ ၉ ရက် မနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရဖြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို အတည်ပြုပြောကြားသည်။
၎င်းက ” အစည်းဝေး( meeting ) လုပ်နေတဲ့ချိန် ဒရုန်းသံကြားလို့ ပြေးကြတာ စိုက်ပျိုးရေး ဦးစီးမှူး ပြေးတဲ့ပြတင်းပေါက်ပေါ် တည့်တည့်ကျသွားတာ ” ဟု ပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဝန်ထမ်း၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကျောက်ကြီးမြို့နယ် စီးပွားရေးဘဏ်အတွင်းတွင် ဆေးကုသမှုပေးနေသည်ဟုကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ မြို့မရဲစခန်း နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
ပုံစာ – ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ကျောက်တံခါးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမြင်ကွင်း / ပုံ – အဟောင်း
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1382
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.com/?p=5065
Website ->https://eng.thanlwinkhet.net