စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၇ ဦးသေဆုံး
****************
သံလွင်ခက်
ဒီဇင်ဘာ ၂၊ ၂၀၂၃။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီနှင့် မင်းတပ် မြို့လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီကာကင်းကုန်းစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက်က CDF – Matupi တပ်ရင်း ၁ တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်း ရင်းမြစ်များထံက သိရသည်။
အဆိုပါ ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် တပ်သား ၇ ဦး သေဆုံးခဲ့သည်ဟု CDF – Matupi) တပ်ရင်း ၁၊ လင်းယုန် တပ်ရင်း စစ်ရေးဌာနမှူးက သံလွင်ခက်ကို ပြောသည်။
“ဖမ်းမိတာမရှိဘူး။ အဲ့မှာရှိတဲ့သူ ၇ ယောက် သေပြီး ကျန်တဲ့သူ ဒဏ်ရာနဲ့ ဆေးရုံရောက်တယ်” ဟု ပြောသည်။
အဆိုပါကင်းစခန်းသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တပ်စွဲထားသည့် ကင်းစခန်း ၁ ခုဖြစ်ပြီး တိုက်ပွဲ အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးတပ်ပေါင်းစုက ထိန်းချုပ်လိုက်နိုင်သည့် မြို့ပေါင်း ၇ မြို့ရှိပြီး ရဲစခန်းနှင့် တပ်စခန်းများ ထိန်းချုပ်ထားနိုင်မှုကလည်း အနည်းဆုံး ၉ ခုလောက် ရှိပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2618
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6479