၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအလှည့်အပြောင်းနှစ်ဖြစ်ခဲ့ဟု NUG ဆို
******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၄။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်းအမှတ်သို့ (Tipping point) ရောက်ရှိ သွားခဲ့ပြီး စစ်ရေးအရ တော်လှန်ရေးအင်အားစုများက မဟာဗျုဟာခံစစ်အနေအထားမှ မဟာဗျုဟာထိုးစစ်အနေ အထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ ၁၂ မြို့၊ ကရင်နီပြည်တွင် မြို့ ၂ မြို့၊ စစ်ကိုင်းတိုင်းတွင် မြို့ ၄ မြို့၊ ချင်းပြည်နယ်တွင် မြို့ ၇ မြို့နှင့် ကချင်ပြည်နယ်တွင် မြို့ ၁ မြို့ သိမ်းပိုက်ထားနိုင်ခဲ့သည်။
မြေပြန့်ဒေသခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံတော် တို့နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်အများစုကို လည်း တော်လှန်ရေးအင်အားစုအသီးသီးက သိမ်းပိုက်ခြင်း၊ စိုးမိုးခြင်းတို့ လုပ်ဆောင်နိုင်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့သော မြို့ကြီးများ၏အနီးဒေသများသို့ ပိုမိုချဉ်းကပ်တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီ၏ မဟာဗျူဟာတိုက်ခိုက်ရေးအင်အားများ (Strategic fighting force) ဖြစ်သည့် ခြေမြန်တပ်မ ဌာနချုပ် – တမခ နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ တပ်များကို အင်အားချိနဲ့အောင် တိုက်ခိုက်နိုင်ခဲ့ သဖြင့် စစ်တပ်၏တိုက်ခိုက်နိုင်စွမ်း သိသိသာသာလျော့ကျသွားသည်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တွေ့လာရ သည်ဟုလည်း ဆိုသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3121
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7215