သဇင်
မေ ၃၀၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းအား မုံရွာ–မန္တလေး လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစုများပူးပေါင်းကာ မိုင်းဆွဲတိုက်ခဲ့သည်ဟု Black Eagle Defence Force-MMU ကယနေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ မေလ(၂၉)ရက် ည ၈နာရီခန့်တွင် မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်လာသော ကား(၁၁)စီးပါ စစ်ကောင်စီယာဉ်တန်းအား မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်း အကြားတွင် ပဒေသာမိုင်း(၃)လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မိုင်းခွဲမှုကြောင့် စစ်ကောင်စီယာဉ်တန်း(၂)စီးမြောက်ကားထိမှန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခဲ့သည်ဟု Black Eagle Defence Force-MMUအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“ကားက ၁၁စီးလာတာဗျ။အဲ့ဒီအထဲက နောက်ဆုံး ၄ စီးကိုတိုက်တာ ဒုတိယမြောက်ကားကို ထိမှန်တယ်။မိုင်းဆွဲပြီးပြီးချင်း ပြန်ပစ်တာတော့ရှိတယ်။၃မိနစ်၊ ၄မိနစ်လောက်ရှိမယ်ဗျ။
ယာဉ်တန်းက ကားတွေပေါ်မှာတော့ အင်အား အပြည့်ပါတယ်”ဟု ၎င်းကဆိုသည်။
ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အတိအကျကို မသိရှိရသော်လည်း ထိခိုက်သေဆုံးမှုများရှိသည်ဟု Black Eagle Defence Force-MMUအဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။
ယင်းစစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီးမြင်းမူမြို့နယ် ပကဖ ၊ People’s Defence Force Myinmu-MMU PDF စသည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့မှပူးပေါင်းစစ်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
(မိုင်းဆွဲတိုက်မှုမှတ်တမ်းဗီဒီယို ရုပ်သံ/ပေးပို့)
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1261
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4725
Website ->https://eng.thanlwinkhet.net