၂၀၂၃အတွင်း နိုင်ငံ့စီးပွားရေး အပေါင်းလက္ခဏာဆောင်ခဲ့ဟု စစ်ခေါင်းဆောင်ဆို
**********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၃၀၊ ၂၀၂၄။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးကို အပေါင်းလက္ခဏာဆောင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ကချင်၊ကရင်နီ၊ ရခိုင်ပြည်နယ်များမှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် အပေါင်းလက္ခဏာပြခဲ့သည်ဟုလည်း ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံ့စီးပွားရေးမှာ ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
စီးပွားရေးတိုးတက်ခဲ့သော်လည်း နိုင်ငံတွင်း ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းသည် အဓိအားဖြင့် ထုတ်လုပ်မှုနှင့် ကုန်ကျစရိတ်ကြီးမားခြင်းကြောင့်ဟု စစ်ခေါင်းဆောင်က ထောက်ပြပြောဆိုသွားခဲ့သည်။
ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ရောင်းချခြင်း၊ဝယ်ယူခြင်းများကို ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်ကာ ဆောင်ရွက်နေမှုများလည်း တွေ့နေရသည်ဟု ၎င်းက ဆိုသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3194
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7396