စစ်ကောင်စီက ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ဗုံးအသုံး ပြုတိုက်ခိုက်
***************
သံလွင်ခက်
မတ် ၈ ရက်၊ ၂၀၂၄။
စစ်ကောင်စီတပ်က ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို
မတ်လ ၆ ရက်တွင် ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA သတင်းစဉ်က ထုတ်ပြန်သည်။
စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်ခဲ့သည့်အတွက် PNLA ကရဲဘော်များသည် အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းများကို ပုံစံတူခံစားခဲ့ကြရသည်ဟု PNLA ကဆိုသည်။
ဓာတုအဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုလည်း ဆေးကုသပေးနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့ နယ်ကို လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက် စီးခဲ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့တွင်လည်း ပအိုဝ်းအမျိုးသားဝတ်စုံအားဝတ်ဆင်ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးရန်အင်အားဖြည့်တင်းခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။
ထိုသို့ အင်အားဖြည့်တင်းရာတွင် ပြည်သူများ၏မော် တော်ကားများအားချောဆွဲကာ ၎င်းတို့ သွားလိုသည့်နေ ရာသို့ အတင်းအဓမ္မပို့ဆောင်စေခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသားဝတ်စုံအား စစ်ယူ နီဖောင်းအဖြစ်အသုံးပြုခြင်း၊ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ကာ ပအိုဝ်းဒေသအား တိုက်ခိုက်ခြင်းသည် ပအိုဝ်းတို့၏ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကိုကျူးလွန်နေခြင်းပင်ဖြစ်သည်ဟု PNLA ကထုတ်ပြန်သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3658
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8173